မိုင်းယောင်း၌ Home Garden နေအိမ်ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

မိုင်းယောင်း   စက်တင်ဘာ   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် Home Garden ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် ယနေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

Home Garden ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေး မျိုးစေ့များ ဝယ်ယူဖြန့်ဖြူးရေးအတွက် ဦးစိုင်းထွန်း (Pyi Kyaw Hein Gems Co.,Ltd) မိသားစုမှ အလှူငွေ(၂၀၀၀၀၀/-) နှစ်သိန်းကျပ်ကို ပေးအပ်လှူဒါန်းရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလများအတွင်း Home Garden ဥယျာဉ်ခြံ စိုက်ပျိုးနိုင်ရေးအတွက် ဘူး၊ ဖရုံ၊ ခရမ်း၊ သခွား၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ ခရမ်းချဉ်၊ ပြောင်း၊ ပဲလင်းမြွေ၊ ရုန်းပတီသီးနှင့် မုန်ညှင်းစေ့စသည့် မျိုးစေ့များအပြင် ငရုပ်နှင့် ချဉ်ပေါင်ပျိုးပင်များလည်း အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဖြန့်ဖြူးပေးကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)