တနိုင်း စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ ချိတ်ဆွဲခြင်းနှင့် စည်ပင်သာယာဈေးတွင် စည်ကမ်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင် ဦးဆောင်သော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး အသိရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာများအား လမ်းမကြီးတစ်လျှောက်နှင့် လမ်းဆုံလမ်းခွ နေရာများတွင် ချိတ်ဆွဲအသိပညာပေးခြင်းနှင့် ကျန်းမာရေး လမ်းညွှန်ချက်များ၊ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိမှုအပေါ် တနိုင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းရှိ ဈေးရောင်းဝယ်သူ များအနေဖြင့် စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask မတပ်ဆင်ခြင်းမရှိသည့် ဈေးရောင်းသူများအား ဈေးဆိုင်ခန်းများပိတ်သိမ်းစေပြီး ဝန်ခံကတိ လက်မှတ်ရေးထိုး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)