ရေး စက်တင်ဘာ၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အရက်၊ ဘီယာဆိုင်၊ ထမင်းဆိုင်နှင့် အခြားအစားအစာများ ရောင်းချသောဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုပဲ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ဆိုင်များအားလုံးအား အသိပေးထားရှိပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်သည် မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ထပ်ဆင့်ညွှန်ကြားချက်နှင့်အညီ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အရက်၊ ဘီယာဆိုင်နှင့် အခြားအစားအစာများ ရောင်းချသောဆိုင်များ အားလုံး ဆိုင်အတွင်း ဆိုင်ထိုင်စားသောက်ခြင်း မပြုပဲပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ပိုင်ရှင် များနှင့် စားသုံးသူများ သိရှိလိုက်နာဆောင်ရွက်ရန် မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှု ထိန်းချုပ်နိုင်ရန် သတ်မှတ်စည်း ကမ်းချက်များအား အလေးထားဆောင်ရွက် ကြရန် အသိပေးနှိုးဆော်ထား ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)