နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram) တတိယအကြိမ် (Booster Dose) ထိုးနှံ

နွားထိုးကြီး၊ ဇန်နဝါရီ ၁၂

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်()နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် နာရီက ဇေဒိတ်၊ ထန်းတော(မူလွန်)၊ ဝက်လူး(အထက)၊ ဝက်လူး(အမက)၊ ဘဟက်(အမက) ကျောင်းတို့၌ ဆေးထိုး စုရပ်များ ခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင်  ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၅၁)ဦး၊ စုစုပေါင်း(၁၉၄၅)ဦးကို သက်ဆိုင်ရာ ကျောင်းများ အလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram)ကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုနှံပေး မည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်