မှော်ဘီမြို့နယ်ရှိ စျေးများတွင် ဖွင့်လှစ်ရောင်းချနေသည့် စျေးဆိုင်များအား အသိပေး နှိုးဆော်ဆောင်ရွက်

မှော်ဘီ  စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ စီမံအုပ်ချုပ်မှုအောက်ရှိ စျေးများတွင် ဖွင့်လှစ်ရောင်းချနေသည့် စျေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင် သာယာရေး ကော်မတီ မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအရ မှော်ဘီမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ အမိန့်ကြေငြာစာကို သိရှိလိုက်နာဆောင်ရွက်ရန် ယမန်နေ့က မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများက စျေးများအတွင်း လိုက်လံ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေး နှိုးဆော်ဆောင်ရွက်ရာတွင် လက်တလော လိုအပ်ချက်အရ စားသောက်ကုန်၊ အသား၊ ငါး၊ဆေးဝါးပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများ ရောင်းချ မည့် ဆိုင်များကိုသာ ခွင့်ပြုမည် ဖြစ်ပြီး အဝတ်အထည်နှင့် ဇိမ်ခံပစ္စည်း များရောင်းချသည့် ဆိုင်များကို ယာယီပိတ်သိမ်း ထားမည်ဖြစ်ကြောင်းကို စျေးဆိုင်များအား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)