ဝမ်းတွင်း စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း Cash For Work (CFW) စီမံကိန်းလုပ်ငန်းများကြောင့် ကျေးရွာနေ ပြည်သူများ အလုပ်ကိုင်အခွင့်လမ်း များရရှိကာ မိသားစုဘဝများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် (CFW) စီမံကိန်းလုပ်ငန်းများအနေဖြင့် ကျေးရွာ (၁၃) ရွာ အနက် (၁၁) ရွာတွင် ရွာတွင်းလမ်းဘေးဝဲယာ ရေနုတ်မြောင်း (၂၉၀၀) ပေ တူးဖော်ခြင်း၊ ဂျင်းမြေ (၆) လက်မထုခင်းခြင်း၊ ကျေးရွာတစ်ရွာတွင် ရွာတွင်းရေနုတ်မြောင်း (၁၉၅၀) ပေတူးဖော်ခြင်း၊ ဂျင်းမြေ (၆) လက်မထုခင်းခြင်းနှင့် အမှိုက်ကန်များတူးဖော်ခြင်း၊ ကျန်ကျေးရွာတစ်ရွာတွင် မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ကျေးရွာများရှိ အိမ်ထောင်စုပေါင်း (၁၈၁၃) စုတွင် အလုပ်အကိုင် အခွင့်လမ်းများရရှိကာ မိသားစုဘဝများ အဆင်ပြေလျက်ရှိပြီး စီမံကိန်းလုပ်ငန်းများကြောင့် ကျေးလက်နေပြည်သူ နှစ်သောင်းကျော်တို့တွင် အကျိုးကျေးဇူးများစွားရရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မိသားစုများဝင်ငွေများ ရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း စီပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERF) အရ ကျေးလက်နေပြည်သူများ၏ မိသားစု ဝင်ငွေ/စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် (CFW) စီမံကိန်း (၁၃)ရွာ၊ VRFPစီမံကိန်း Type-1(၆)ရွာ၊ Type-2 (၄)ရွာ၊ စုစုပေါင်း (၁၀) ရွာတို့အား အောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)