သင်္ဃန်းကျွန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေး (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှု ရှိစေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မူကော်မတီဝင်များ လူမူရေးအသင်းအဖွဲ့များမှ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းကို တစ်ချိန်တည်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

လူဦးရေစာရင်းနှင့် အိမ်ထောင်စုစာရင်းများ တိကျမှန်ကန်မှုရှိစေရန် အိမ်ထောင်စုပုံစံများဖြင့် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် စာရင်းကောက်ပုံစံများ မှန်ကန်မှုရှိ၊ မရှိစစ်ဆေးခြင်းနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို သင်္ဃန်းကျွန်းခရိုင် မြေပြင်ကွင်းဆင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ ကောက်ယူနိုင်ရေးအတွက် ရပ်ကွက် (၃၈) ရပ်ကွက်ရှိ စာရင်းကောက်ယူရေးအဖွဲ့များက ကောက်ကွက်များအလိုက် တစ်ပြိုင်နက်တည်းဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကွက်စာရေးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လူနေအိမ်များတွင် အမှန် တကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း သတ်မှတ်စာရင်း ပုံစံများဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှစတင်၍ ရက် (၂၀) ကြာ ကောက်ယူသွားမည်ဖြစ်သည်။

ခရိုင် (ပြန်/ဆက်)