မဘိမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မဘိမ်း ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အသင်းတို့ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားထားသော အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ Book Club အသင်းဝင် ဦးသက် ပိုင်းစိုး၊ ဦးဇော်နိုင်လင်းနှင့် ဦးဇာနည်မျိုးတို့က စာရေးဆရာဖေမြင့် ရေးသားထားသော အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ်ပါအကြောင်းအရာများအနက်မှ မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုခြင်းအလိုက် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များက ၄င်းတို့ဖတ်ရှုထားသည့်အကြောင်းအရာများနှင့် ထင်မြင် ယူဆချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးမင်း(ပြန်/ဆက်)