ရသေ့တောင်မြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ရသေ့တောင် ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်ကိုပြောကြားပြီး ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ စစ်တုရင်ပြိုင်ပွဲကို အထက်တန်းအဆင့် ကျောင်းသား ၁၀ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်သည်။ ထိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းသည်စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးခြင်းဖြစ်၍  ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့‌‌ကြသည်။

ထွန်းလင်းကျော်( ပြန်/ဆက်)