နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက် အလက(ခွဲ)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

နမ့်စန်(တ) ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၃)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၃)ရပ်ကွက် အလက(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်က စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးတင့်၊ ဦးအောင်ကိုမြတ်၊ အမှတ်(၃) ရပ်ကွက်အလက(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများက အလှူရှင်ဂုဏ်ပြုမှတ်တမ်းများ၊ မြို့နယ်အဆင့် အားကစားနှင့် ဘာသာရပ်စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲ များတွင် ဆုရရှိသူများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းလိုက် ဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း နှင့်ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အမှတ်(၃)ရပ်ကွက် အလက(ခွဲ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနား တက်ရောက်လာကြ သူများကို သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)