ခိုလမ်မြို့ အ-မ-က (မူလွန်) မက်မွန်လောင်းကျောင်းတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ခိုလမ် ဇန်နဝါရီ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခိုလမ်မြို့ အခြေခံပညာမူလွန်ကျောင်းတွင် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း  ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဖြူဖြူသော်မှ မြန်မာ့ခေါင်းဆောင်ကြီးများ၏ ပြည်မနှင့်တောင်တန်းဒေသပေါင်းစည်း ရေးအတွက် ကြိုးစားကြပုံများ၊ တိုင်းရင်းသား ပေါင်းစုံတို့ရဲ့သွေးစည်းညီညွတ်မှု၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ဟောပြောခဲ့ပြီး (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များကို ကျောင်းသား/သူများအား ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ခိုလမ်)