ပေါင် ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထက ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အထက ပေါင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်တေးသီချင်းဖြင့် သီဆိုပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဦးကျော်လင်းဦးနှင့် မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးတို့က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်၊ မြို့နယ်အလိုက် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဧည်သည်တော်များမှ ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
အခမ်းအနားကို မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူတို့က အကပဒေသာများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)