နမ့်ဆန် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေဖီဦးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အထက(၁)ကျောင်းသား/ကျောင်းသူများမှ “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်နမ့်ဆန်မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးတို့မှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကာယ၊ ဉာဏနှင့် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများမှ အကပဒေသာဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘဆရာအသင်းနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီးကြွရောက်လာသော ဧည့်သည်တော်များနှင့် ကျောင်းသား/ကျောင်းသူများကို ကြာဆံဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)