သာစည်မြို့အမှတ်(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲနှင့် ကာယ၊ ဉာဏ ဆုပေးပွဲများ ကျင်းပ

သာစည် ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ဉာဏ ဆုပေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို Grade 6  ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင့်ဘော်က အမှာစကားပြောကြားပြီး  ရပ်ကွက်အုပ်ချုပ်ရေးမှူး  ကျောင်းအကျိုးတော်ဆောင် ဦးတင်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်ပြီး ကျောင်းအုပ်ဆရာကြီးဦးခင်မောင်ဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပညာရေး၏အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားပြီး စုံညီပွဲတော် ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသည်။ထို့နောက် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင်  ဆုရရှိသူများနှင့်  ၂၀၂၂-၂၀၂၃  ပညာသင်နှစ်  ကဏ္ဍအလိုက် ဉာဏ ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက်  ကျောင်းသား/သူလေးများက အတန်းအလိုက် တေးသီချင်းများ၊ သရုပ်ဖော်အကများဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

စုံညီပွဲတော်သို့ ဒုတိယမြို့နယ် ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်း အကျိုးတော်ဆောင်များ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                                                                                          

မြို့နယ် (ပြန်/ဆက်)