မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီကအ.မ.က(၁၉)ကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.မ.က(၁၉)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို အသိအမှတ်ပြုသည့်ပွဲဖြစ်ပြီး ဆက်လက်၍လည်း ထူးချွန်ထက်မြတ်စေခြင်းကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးထွန်းထွန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး (ငြိမ်း) ဦးထွန်းဦးနှင့် တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ ဆက်)