ဗန်းမော်မြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ဗန်းမော် ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီခွဲခန့်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ကျင်းပခဲ့ ကြောင်းသိရသည်။

အခမ်းအနားကို အ.ထ.က (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဦးလဆန်က အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးစုံညီပွဲတော်ကို ကျောင်းသားကျောင်းသူများ ပျော်ရွှင်စေရန်ကျင်းပပေး ခြင်းဖြစ်ကြောင်း၊ပညာရေးစုံညီပွဲတော်မှာကာယ၊ဉာဏကဏ္ဍများတွင်ဆုရရှိသူများကိုဆုများပေးအပ် ချီးမြှင့်သွားမှာဖြစ်ပါကြောင်း ယခုစာသင်နှစ်တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ များအနေဖြင့် နောင်နှစ်ပညာသင်နှစ်ကျောင်းဖွင့်ရာသီရောက်ရှိပါက တစ်ဦးတစ်ယောက်မကျန် ကျောင်းတက်ရောက်စေလိုသော ရည်ရွယ်ချက်များဖြင့် ပညာရေးစုံညီပွဲတော်ကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်ကိုကို၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်များ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တို့တွင် စာပေဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တို့တွင် အားကစားဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကပဒေသာများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)