မန္တလေးမြို့ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေး

မန္တလေး ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၅) ၌ ကျောင်းသား၊ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများ ရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က   သွားရောက်ငှားရမ်းပေးခဲ့သည်။

စာအုပ်များငှာရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် သုတ၊ရသစသည့်စာအုပ်‌ပေါင်း (၂၀၀)အုပ်ခန့်ငှားရမ်းပေးပြီး နှစ်ပတ်တစ်ကြိမ် စာအုပ်များကို ပြန်လည်အပ်နှံလက်ခံပြီး ထပ်မံငှားရမ်းပေးမည်ဖြစ်သည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းဝန်ဆောင်မှုစံနစ်ဖြင့် စာအုပ်၊ စာစောင်များကို အပတ်စဉ်အလှည့်ကျ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)