ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တွံတေး စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေး အသိပညာပေးလုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောက်ရွက်လျက်ရှိသည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန်၊ ရောဂါကာကွယ်ရေးအတွက် အဓိက လိုက်နာရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဒေသခံပြည်သူ များထံ ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးရန် ပြောကြားပြီး ဒုတိယဦးစီးမှူး ဦးရွှေပြည်စိုးက Quarantine Centre ၌ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများ၊ ပြည်တွင်း/ပြည်ပပြန်များကို ၁၄ ရက်ထား စောင့်ကြည်​မနေမှု၊ Stay at home အစီအစဉ်အရ အသွားအလာကန့်သက်ထားရှိမှု၊ တွံတေးမြို့နယ်အတွင်း ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူ(၁၅၅)ဦးကို Quarantine Centre တွင် ထားရှိပြီး အလှူရှင်များမှ မနက်/ညနေ ထမင်းကျွေးမွေးလှူဒါန်းမှု၊ စားသောက်ဆိုင်အားလုံး ပါဆယ်စနစ်ကို အမိန့်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန်၊ ထောက်ခံစာနှင့် ပတ်သက်၍ စနစ်တကျကြီးကြပ်ရန်၊  မြို့ဝင်/မြို့ထွက် စနစ်တကျဆောင်ရွက်ရေး၊ တွံ​တေးမြို့နယ် အနေဖြင့် ရောဂါကူးစက်မှုကင်းရှင်းနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက အသီးသီး  ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)