မိုင်းဖြတ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်း မှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူရာတွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှု ရရှိရေးအတွက်(Working Group)မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့(၁၅)ဖွဲ့တို့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်းဖြင့် စာရင်းကောက်များ လက်စွဲစာစောင်ပါ အချက်အလက်များနှင့်အညီ စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူနေမှုအခြေအနေများကို ကျိုင်းတုံမြို့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်း၊ လက်ထောက်ညွန်ကြားရေးမှူး ဦးအေးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး တင်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်းနှင့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရရှိစေရန် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေမှု အခြေအနေအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း (Working Group)မြေပြင်ကွင်းဆင်း ကောက်ယူရေး လုပ်ငန်းကို ပိတ်ရက် ၃ ရက်မပါ ၂၀၂၃ ခုနှစ်၊ ယမန်နေ့မှစတင်ပြီး ၃၁ ရက်နေ့အထိ ရက်ပေါင်း (၂၀)ကြာ ကာလအတွင်း စာရင်းကောက်ယူရရှိနိုင်ရန်အတွက် အဖွဲ့(၁၅)ဖွဲ့က ဆက်လက် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)