ကာလိ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉) နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို "ဇာတိမာန်သီးချင်း" ဖြင့် ဖွင့်လှစ်ခဲ့ပြီး ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းက အဖွင့်မိန့်ခွန်း ပြောကြာသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းသီဟမှ ကျောင်း၏ တိုးတက်မှုနှင့် လုပ်ဆောင်ချက်များအကြောင်းကိုလည်ကောင်း၊ အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက ကျေးဇူးတင်စကားကိုလည်ကောင်း အသီးသီး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုနှင့် အားကစားထူးချွန်ဆုများ ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို "မြတ်ဆရာ" သီချင်းဖြင့် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါခမ်းအနားကို ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)