မြေပြင်လူဦးရေစာရင်း သန်လျင်၌ စတင်ကောက်ယူ

သန်လျင် ဇန်နဝါရီ ၉

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီများက အဖွဲ့များခွဲကာ ဆောင်ရွက်ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်တိကျစေရေးအတွက် ရပ်ကွက် ကျေးရွာအုပ်စုများတွင် တစ်ဖွဲ့လျှင် (၅)ဦးစီတို့က တစ်အိမ်တက်ဆင်း ကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်ကြသည်။

သန်လျင်မြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက် ကျေးရွာအုပ်စု(၂၈)အုပ်စုမှ ကျေးရွာပေါင်း (၅၇)ရွာတို့တွင် တပြိုင်တည်းဆောင်ရွက်ကြရာ သန်လျင်မြို့နယ်(Working Group) မြေပြင် ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်ကော်မတီဝင်များက အဖွဲ့များခွဲ၍ ကြီးကြပ်ပေးပြီးလိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

သန်လျင်မြို့နယ် မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းကို ယနေ့မှစ၍ ဇန်နဝါရီ ၃၁ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)