ရွှေပြည်သာမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)မှ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူရေးစတင်ဆောင်ရွက်

ရွှေပြည်သာ  ဇန်နဝါရီ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်(၂၇)ရပ်ကွက်တွင် ယနေ့နံနက်(၈)နာရီအချိန်မှစ၍ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)မှ အိမ်ထောင်စုလူဦးရေစာရင်းများကို စတင်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတစ်အိမ်တက်တစ်အိမ်ဆင်းမြေပြင်စာရင်းကောက်ယူလုပ်ငန်းကို ဌာနဆိုင်ရာများ၊ ရပ်ကွက်စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များမှ လူဦးရေအိမ်ထောင်စုစာရင်များ မှန်ကန်စေရေးအတွက် သတ်မှတ်ပုံစံများဖြင့်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မြေပြင်စာရင်ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရွှေပြည်သာမြို့နယ်ရပ်ကွက် (၂၇)ရပ်ကွက်တွင် ကောက်ကွက် ၂၇၁ကွက်အား တပြိုင်နက်တည်း ဆက်လက်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ ဆက်)