တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံ

တကောင်း ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ အသက်()နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများကို  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ယနေ့နံနက် ၁၁ နာရီက  အခြေခံပညာအထက်တန်းကျောင်းရှိ ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့သည်။

ကိုဗစ် -၁၉ ရောဂါထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင်  ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဌတွင် ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရေး အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းရှိ ကျန်းမာရေးကောင်းမွန်သည့် ကျောင်းသား၊ ကျောင်းသူ (၁၀၁) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)