ခရမ်း ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင်ခရိုင်၊ ခရမ်းမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးရန်အတွက် ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကိုယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရပ်ကွက်များအလိုက် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့ ( ၃၆ ) ဖွဲ့ ဖြင့် မြို့နယ်ရပ်ကွက်များအလိုက် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက်ယူလျက်ရှိသည်။
အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရာနေရာများသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအလိုက် လိုက်လံကြီးကြပ်၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း ( ပြန်/ ဆက်)