သုံးခွ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်တိကျစွာ ရရှိစေနိုင်ရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီအချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် e-ID အထစ ပေါ်တွင်ဆောင်ရွက်ရမည့်အချက်များဖြစ်သည့်( အထစ)တွင်လည်းပါ၀င်ပြီး e-ID အထစ တွင်မပါ၀င်သည့် မိသားစုအရင်းအချာများ၊ ကိုင်ဆောင်လက်မှတ်သာပါရှိပြီး ကျန်အချက်အလက်များမပါသူ၊ မသိပါဟုသာဖော်ပြထားသူ၊ အတူနေထိုင်ပြီးမွေးတိုးမထည့်ရသေးသည့် သား၊ သမီး၊ မြေး၊ မြစ် အရင်းအချာများ၊ (၃)လနှင့်အထက် အတူနေထိုင်သူများဖြစ်ကြောင်း သိရသည်။
မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းများမှာ လူဦးရေစာရင်းတိကျမှန်ကန်စွာရရှိ စေရန်အတွက်မြေပြင် တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူခြင်းဖြစ်ပြီး မသန်စွမ်း(၅)မျိုး စာရင်းကောက်ယူခြင်းအပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှာ (၉-၁-၂၀၂၃)ရက်နေ့မှ (၃၁-၁-၂၀၂၃)ရက်နေ့အထိ တနင်္ဂနွေရုံးပိတ်ရက်မပါ ရက်(၂၀)အတွင်း တစ်ချိန်တည်း တစ်ပြိုင်တည်း ပြီးစီးအောင်ကောက်ယူမှာဖြစ်ပါကြောင်း၊မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူခြင်းကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ (၉)ရက်နေ့မှ ဇန်နဝါရီလ( ၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမှာဖြစ်ပြီး e-ID Software မှာ ပြင်ဆင်ခြင်းကိုတော့ စတင်စာရင်းကောက်ယူတဲ့ ဇန်နဝါရီလ (၉)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ထိဆောင်ရွက်သွားမှာကြောင်းသိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် (Working Group ) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီကဦးဆောင်၍ ရပ်ကွက်နှင့်ကျေးရွာ မြေပြင်ကွင်းကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည် ။
စည်သူလင်း ပြန်/ ဆက်