SIM Cared များမှတ်ပုံတင်ခြင်းဆိုင်ရာနှင့်ပတ်သက်၍  အသိပညာပေး ဆွေးနွေးပွဲ(Talk- Show) ပြုလုပ်

ဂွ   ဇန်နဝါရီ   ၉

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်လူထု အခြေပြုဗဟိုဌာန၊(Community Centre)ခန်းမ၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်း၍ SIM Card (ဆင်းကတ်) သုံးစွဲသူပြည်သူများအား ဆင်းကတ် မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ပါတ်သက်၍ ဗဟုသုတရရှိစေရန်  အသိပညာပေးဆွေးနွေးပွဲ (Talk-Show)ကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဆွေးနွေးပွဲ (Talk-Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြို့နယ်တာဝန်ခံ ဒေါ်နှင်းဆီက. ယခုချိန်မှ စ၍ MPT ဖုန်းသုံးစွဲသူ ပြည်သူများအား MPTဖုန်း ဆင်းကတ်များသုံးစွဲရာတွင် တရားဝင်မှတ်ပုံတင်ရာ၌ မိမိ၏ အမည်အား မြန်မာဘာသာဖြင့်သာမှတ်ပုံတင်ရမည် ဖြစ်ပြီး မိမိအမည်နှင့် မိမိ၏ နိုင်ငံသားမှတ်ပုံတင်နံပါတ်များ ကိုက်ညီမှု ရှိ/မရှိကို *601#call ဖြင့်ဝင်စစ်ကာ*4040ဖြင့် မိမိဖုန်းတွင် မိမိတို့၏အမည်မှာ မြန်မာဘာသာဖြင့် မှတ်ပုံတင်ထားမှုရှိ/မရှိကို ဝင်ရောက် စစ်ဆေးနိုင်ပြီးအသေးစိတ်အချက်များသိရှိလိုပါကနီးစပ်ရာ MPTဖုန်း ဆင်းကတ်အရောင်းဆိုင်များနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရုံး Call Centre များတွင် လာရောက် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးရုံးမှ တာဝန်ခံ ဒေါ်နှင်းဆီက ဆွေးနွေးပြောကြား ခဲ့သည်။

ဂွမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမ တွင်ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လစဥ်ပညာပေး ဆွေးနွေးပွဲများ၊ စာအုပ်မိတ်ဆက်ကဏ္ဍများ၊ စာဖတ်ဝိုင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ပြုလုပ်သော MPT ဆင်းကတ် မှတ်ပုံတင်ခြင်းဆိုင်ရာ ပညာပေးဆွေးနွေးပွဲ(Talk-Show)အစီအစဥ်ကို We love Gwa Facebook Pageတွင် ဝင်ရောက်လေ့လာ ကြည့်ရူနိုင်ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်