ချမ်းမြသာစည်မြို့နယ် အမှတ် (၃၆)အထကတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီ ပွဲတော် ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ  ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အမှတ်(၃၆) အခြေခံပညာ အထက်တန်းကျောင်းတွင်  ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် GRADE-10 ကျောင်းသား/သူများက စုံညီပွဲတော်သီချင်းဖြင့်သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက်ဒုတိယ မြို့နယ်ပညာရေးမှူးဦးရေခဲက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်၀င်းမြင့်က ပညာရေးစုံညီပွဲတော်ကျင်းပရ ခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ထူးချွန်ဆုရရှိကြသူများ၊ ပညာရည်ထူးချွန် ဆုရရှိသူများ၊ ဘက်စုံထူးချွန်ဆုရရှိသူများ၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တာ၀န်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/မများအားဆုများ‌ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး‌နောက် ကျောင်းသား/သူလေးများက အကများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။  ပညာရေးစုံညီပွဲတော်အခမ်း အနားသို့ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးရေခဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်၀င်းမြင့်နှင့် ဆရာ/ဆရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ်ပြန်/ဆက်)