ပူတာအို ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ခရိုင်/မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည့်စုံမှန်ကန်သည့် လူဦးရေစာရင်းများ ရရှိရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပူးပေါင်းမှုဖြင့် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၄)အုပ်စု၊ ရပ်ကွက် (၁၁)ရပ်ကွက်တွင် ဇန်နဝါရီ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၂၃)ရက်အတွင်း တစ်ချိန်တည်း တစ်ပြိုင်တည်း ပြီးစီးအောင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့များက မြေပြင်တွင်လူဦးရေစာရင်း လက်တွေ့ကောက်ယူနေမှုများကို ခရိုင်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူး ဦးဗိုလ်မြင့်၊ တွဲဘက်အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ အတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးခေါ့ဖန်ဂျာလီရဲ့၊ တွဲဘက်အတွင်းရေးမှူး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိမ်းလေးတို့က ပူတာအိုမြို့နယ်အတွင်းရှိ ဟိုခိုရပ်ကွက်၊ ကောင်ကထောင်ရပ်ကွက်နှင့် မာမူးလဲ့ကျေးရွာအုပ်စုတို့တွင် တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းကောက်ယူနေမှုများကို အနီးကပ် ကွင်းဆင်းစစ်ဆေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)