ဝမ်းတွင်း ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၅)နှစ်၊ (၁၂)နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သဲတော-ဝမ်းတွင်း) တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသက်(၅)နှစ် (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံခြင်းဖြင့် ပညာကို ကောင်းမွန်စွာသင်ကြားနိုင်ရန်၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် ကူးစပ်မှုနှုန်းလျော့နည်းစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ထိုးနှံပေးခြင်းဖြစ်ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံရန် အသက်(၅)နှစ်၊ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူ လျာထား (၃၀၀၀) ဦး ရှိပြီး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို (၉.၁.၂၀၂၃) မှ ဖေဖော်ဝါရီလ(ဒုတိယ) အပတ်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း အသက်(၅)နှစ်၊ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်၊ အဖွဲ့ဝင် ဦးမြဟန်၊ ဌာနဆိုင်ရာ အကြီးအကဲများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲမျိုးသက် (ပြန်/ဆက်)