One Stop Service(OSS) ဖြင့် ဆိုင်ကယ်များ ယာဉ်လိုင်စင်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုး ဆောင်ရွက်

မင်းပြား ဇန်နဝါရီ   ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား One Stop Service(OSS) ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် မော်တော် ဆိုင်ကယ်ယာဉ်များ သက်တမ်းတိုးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က  မင်းပြားမြို့ရာမောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လိုင်မဲ့မော်တော်ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ခြင်းနှင့် (၅)နှစ်အောက် သက်တမ်းတိုးဆောင်ရွက်ရမည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား One Stop Service(OSS)ဖြင့် ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားရေးမှူး ဦးစီးဌာနမှ ဦးဆောင်၍ မြန်မာ့အာမခံလုပ်ငန်း၊ အကောက်အခွန်ဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မင်းပြားမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ One Stop Service(OSS) စနစ်ဖြင့် နံနက် ၈ နာရီမှ ၅ နာရီအထိ ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၁၁ ရက်နေ့အထိလိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် (၅)နှစ်အောက် မော်တော်ဆိုင်ကယ်များ မော်တော်ယာဉ်များအား သက်တမ်းတိုးဆောင်ရွက်ခြင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုး ဆောင်ရွက်သူများအနေဖြင့် အဆင်ပြေစေရန်  ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညန၊ မြန်မာ့အာမခံလုပ်ငန်း၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘီးလိမ့်ခွန်၊ ဘဏ်သွင်းခွန်နှင့်နိုင်ငံအလိုက် ထုတ်လုပ်သော မော်ဒယ်အမျိုးအစား အလိုက်ပေးသွင်းရမည့် ဒဏ်​ကြေးများကိုလည်း အခွန်ပေးသွင်းနိုင်ရန်  ဆောင်ရွက်ထားကြောင်း သိရသည်။

သိန်းနုအောင်