ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အမှတ်(၅) ရပ်ကွက်နှင့် နန္ဒဝန်ဈေးရှေ့ ပြည်သူများသို့ နှာခေါင်းစည်း (Mask) များ၊ Face Shield များတပ်ဆင်ရန် နှာခေါင်းစည်း (Mask) များနှင့် Face Shield များဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီ မိနစ်(၃၀) ခန့်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၅)ရပ်ကွက်ရှိ လင်းရောင်ခြည်စာကြည့်တိုက်အဖွဲ့ဝင်များ စုပေါင်း၍ ရပ်ကွက်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရတိုင်း နှာခေါင်းစည်း (Mask) များနှင့် Face Shield များ တပ်ဆင်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက် များကို လိုက်နာရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များနှင့် Face Shield များ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)