ကျောက်ဆည်မြို့နယ် တံတားဦးလေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌  ကျောင်းဆောင်သစ် (၁) ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်

ကျောက်ဆည် ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင် ကျောင်းဆောင်များ လိုအပ်လျက်ရှိသည့် ကျောင်းများတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ် ပေးလျက်ရှိပြီး     တံတားဦးလေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းဆောင် သစ်() ဆောင် ဆောက်လုပ်ပေးခဲ့ရာ လုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်အား ွင့်ပြုရန်ပုံငွေကျပ်သိန်း(၆၈၀)ဖြင့် သင်္ဂါမဟာ ကုမ္ပဏီမှ တာဝန်ယူကာ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ Steel Structure (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် တံတဦးလေးကျေးရွာ အ‌ခြေခံပညာမူလတန်းကျောင်း၌ KGတန်းတွင် ကျောင်းသား/ကျောင်းသူ(၄၀)ဦး၊ Grade(1)တွင်(၄၈)ဦး၊ Grade(2)တွင်(၄၆)ဦး၊ Grade(3) တွင်(၄၁)ဦး၊ Grade(4)တွင်(၂၅)ဦး၊ Grade(5)တွင်(၅၃)ဦး၊ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး