ဗိုလ်တထောင် ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း မီးရထားဝန်းအနီးတွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်(၇၀)စီးမှယာဥ်မောင်း(၇၀)ဦးအားအရှိန်ပြင်းမမောင်းရန်၊သတ်မှတ်အမြန် နှုန်းအတွင်းသာမောင်းနှင်ရန် အရှိန်နှုန်းတိုင်း ကိရိယာ(Speedo Meter)ဖြင့်တိုင်းတာခြင်း၊ အရက်သေစာသောက်စား မောင်းနှင်ခြင်းမပြုရန် Alcohol Tester ဖြင့် စစ်ဆေးခြင်း၊ မော်တော်ယာဉ်မောင်းနှင်/ စီးနင်းစဉ်အသက် ကယ်ထိုင်ခုံခါးပတ်များ အသုံးပြုစေရေးစစ်ဆေး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိလိုက်နာစေရေးအသိပညာပေးပြောကြားခဲ့သည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့ ရဲအုပ်ကျော်မိုးငြိမ်းနှင့် အမှတ်(၃၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့မှူး ဒုရဲမှူး ဆန်းညွှန့်ဦးနှင့်ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင် (၇၀)စောင်ကို အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
မေနှင်း(ပြန်/ ဆက်)