မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာ Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က အသင်းဝင်များအနေဖြင့် နှစ်စဉ်ထုတ်ဝေသည့် ဥက္ကလာပမဂ္ဂဇင်းအတွက် ကဗျာ၊ ဆောင်ပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားကြရန်နှင့် စာပေဝါသနာရှင်များအားဖိတ်ခေါ်ရန်၊ ဘဏ္ဍာရေးမှူး အနေဖြင့် ငွေကြးဆိုင်ရာကိစ္စရပ်များအား ရှင်းရှင်းလင်းလင်းဆောင်ရွက်ထားရှိရန်၊ ယခုလ အတွင်း  ပြန်/ဆက်နှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ရန်ပုံငွေများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အစည်းအဝေးကို မပျက်မကွက် တက်ရောက်ပေးစေလိုကြောင်း စာပေနှင့်ပတ်သက်သည့် လုပ်ငန်းများကို ပိုမိုဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)