မြင်းခြံမြို့၌ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မြင်းခြံ ဇန်နဝါရီ ၈

မြင်းခြံမြို့၌ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထက (၁) ဧရာဝတီခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ အထက(၃) ကျောင်းသူ၊ ကျောင်းသားများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ရခြင်း အကြောင်းကို မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းက ရှင်းလင်းပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွင်း မြို့နယ်အဆင့် ပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် အထက(၂)ကျောင်းမှ ကျောင်းသူများက “ဦးရွှေရိုး ဒေါ်မိုး” အကဖြင့်လည်းကောင်း၊ အထက(၄)ကျောင်းမှ “ဆောင်းလရာသီ” သီချင်းဖြင့် တစ်ပင်တိုင် အကဖြင့်လည်းကောင်း၊ အထက(၁)ကျောင်းမှ တစ်ပင်တိုင် စန္ဒယားတီးခတ်မှုဖြင့် လည်းကောင်း၊ အထက(၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက My School သီချင်းဖြင့် လည်းကောင်း၊ အထက(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ အထက(၂)ကျောင်းမှ ကျောင်းသား၊‌ ကျောင်းသူများက “ပြည်မြန်မာ” သီချင်းဖြင့်လည်းကောင်း အသီးသီး ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)