လွိုင်လင် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင် နှင့် စီမံရေးရာ ဆရာ/ဆရာမများ ၊ ၂၀၁၉ -၂၀၂၀ ၊ ၂၀၂၀- ၂၀၂၁ ခုနှစ်ပညာသင်နှစ်မှ ကောင်းစွာအောင်မြင်ခဲ့သည် ကျောင်းသား/သူများ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြပြီး အောင်လက်မှတ်များကို တတိယအကြိမ်နှင့် စတုတ္ထအကြိမ် အဖြစ် အောင်လက်မှတ်ပေးအပ်ပွဲကို ပူးတွဲကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်