ပင်လောင်း ဇန်နဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းပင်ခွန်ကျောင်း၏ ၂ဝ၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ Grade-8 မှ ကျောင်းသား၊ ကျောင်းသူများက ”ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီ” တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးငွေဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်းတို့က အမှာစကားပြောကြားကြပြီး၊ အထကပင်ခွန်ကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မာရီကကျောင်းနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲသည်။
ထို့နောက် ၂ဝ၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆို အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ ဘန့်ဘာကျေးရွာအုပ်စုမှအားမာန်သွင်းဆု ရရှိသည့် ဆရာ၊ ဆရာမများ၊ ပင်ခွန်မိသားစုဝင်ကျောင်းများမှ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထကပင်ခွန်ကျောင်းမှ ကျောင်းအကျိုးတော်ဆောင်များနှင့် မိသားစုဝင်ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်