ကျောက်တံတားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့( Working Group) များမှ   အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူ

ကျောက်တံတား ဇန်နဝါရီ   ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့(Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ အမှတ်(၇) ရပ်ကွက်အတွင်း စမ်းသတ်ကောက်ယူခဲ့ရာ ၎င်းစမ်း သပ်ကောက်ယူခြင်းကို  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန် နှင့် အဖွဲ့ဝင်များကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူမှုကို မြို့ပေါ်ရပ် ကွက်ဖြစ်သည့်အမှတ် (၇)ရပ်ကွက်၌ လမ်းတစ်ခုလျှင် ကောက်ကွက်တစ်ဖွဲ့ဖြင့် ကောက်ကွက် (၄)ကွက် ဖြင့်အဖွဲ့(၄)ဖွဲ့ခွဲ၍စမ်းသပ် ကောက်ယူခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် အိမ်ထောင်စုလူဦးရေးစာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ  အဖွဲ့(၄)ဖွဲ့ဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၈)ဦးဖြင့် တစ်ရက်လျှင် အိမ်ထောင်စု(၅၈၀) စုနှုန်းဖြင့်  ကောက်ယူသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း၌ရပ်ကွက်(၉)ခု၊ ရှိသည့်အနက် အိမ်ထောင်စု လူဦးရေစာရင်း(၁၁၇၁၈) စုရှိရာမြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့(Working Group)များအနေနဲ့ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး သင်တန်း များဖွင့်လှစ်ပို့ချထားပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။              

လှလှထွေး(ပြန်/ဆက်)