သာစည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ၊ ရသ ဆုပေးပွဲများကို ယနေ့ နံနက် ၉ နာရီက သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ကြိုဆိုပါတယ် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးတင့်ဘော်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထိမ်းအမှတ်နေ့များတွင် ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများ၊ တိုင်းအဆင့် အင်္ဂလိပ်စာ ထူးချွန်ဆုရရှိသူများ၊ မြို့နယ်အဆင့် အင်္ဂလိပ်နှင့်သင်္ချာ ထူးချွန်ဆုရရှိသူများ၊ မြို့နယ်အဆင့် ပဏာမလူရည်ချွန်အဖြစ် ရွေးချယ်ခံရသူများ၊ ခရိုင်အဆင့် အကပြိုင်ပွဲဆုရရှိသူများ၊ တိုင်းနှင့်ခရိုင်အဆင့် အားကစားထူးချွန်ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/မများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုများပေးအပ်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စုံညီပွဲတော်အတွက် ဆုချီးမြှင့်ငွေကို အထက(၁)ကျောင်းအုပ် ဒေါ်ရီရီဝင်းထံ ပေးအပ်သည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်လယ်မူ ကျောင်းသား/သူလေးများက တေးသီချင်းများ၊သရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး စုံညီဈေးရောင်းပွဲတော်ကိုလည်း ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)