မင်္ဂလာဒုံ ဇန်နဝါရီလ(၇)ရက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အင်ကြင်းခန်းမအတွင်း၌ ယနေ့ နံနက် (၉) နာရီအချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ထူးချွန်ဆု ပေးပွဲနှင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မြို့နယ် အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို Grade (10) မှ ကျောင်းသား၊ ကျောင်းသူများမှ ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် အဖွင့်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆုရရှိခဲ့သည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်အား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း၊ ၂၀၂၂ ပညာသင်နှစ်တွင် (၆) ဘာသာဂုဏ်ထူးရှင် မခင်စန္ဒာဆန်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှဆုငွေ ကျပ် (၆၅၀၀၀၀) အားချီးမြှင့်ခြင်းနှင့် ၂၀၂၂ တစ်နှစ်ပတ်လုံး ခွင့်ရက်မပျက်ဆုရရှိသော ဆရာမများနှင့် ဝန်ထမ်းများအားဆုချီးမြှင့်ခြင်းနှင့် KG တန်းမှ Grade (10) အထိ ပညာရည်ဆုများနှင့်အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ဆု၊ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ထူးချွန်ဆု စုစုပေါင်း (၃၀၀) ကျော်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများမှ သီးချင်းများသီဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ)