ကော့မှူး ဇန်နဝါရီ ၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)ကျောင်း နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်အ.ထ.ကမှ ကျောင်းသား/ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ ပညာရေးဌာနမှ ဆရာ/ဆရာမများ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး/ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာရေးသာမက အခြား ဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက် ပူးပေါင်းကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဆုပေးပွဲအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသားကျောင်းသူများအား ဆုများ ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)