လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာအသင်း လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

လှည်းကူး ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် စာရေးဆရာအသင်း လစဉ်ပုံမှန်အစည်းဝေးကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွန့် (လှည်းကူး)က အဖွဲ့ဝင်များမှ စာပေကဏ္ဍများ အသီးသီးဆွေးခဲ့ကြသည်။ ထို့နောက်လှည်းကူးမြို့နယ် စာရေးဆရာအသင်းမှ အဖွဲ့ဝင်အချို့ကွယ်လွန်၊ နှုတ်ထွက်၊ ကင်းကွာ၊ နယ်ကျော်စာရင်းများ စီစစ်ပြုစုကြပြီး ဆရာကျော်မင်းညွန့် (လှည်းကူး)မှ မိမိတို့မြို့နယ်ရှိ စာရေးဆရာများအနေဖြင့် စာပေဆုများရရှိစေလိုပါကြောင်း ယခုထက်ပို၍ စာများများဖတ်၍ရေးကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)