တာချီလိတ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းသာသနာ့ နယ်မြေအတွင်းရှိ ကောင်းမှုခမ်းလုံ ဗုဒ္ဓဂါယာဗောဓိစေတီတော်မြတ် စိန်ဖူးတော်တင်လှူပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။
ကောင်းမှုခမ်းလုံ ဗုဒ္ဓဂါယာဗောဓိစေတီတော်မြတ်ကို ရှင်အရညဝါသီ ဘဒ္ဒန္တဉာဏသံဝရ၊ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ အနယ်နယ် အရပ်ရပ်မှ တပည့်ဒါယိကာများ၏ ဝိုင်းဝန်းလှူဒါန်းမှုဖြင့် ဗုဒွဂါယာစေတီတော်မြတ်အား ဖူးမြော် နိုင်ရန် တည်ဆောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိန်ဖူးတော်တင်ပွဲသို့ မိုင်းဖုန်းဆရာတော်ဘုရား၏ တပည့်ဒါယိကာများ၊ ရဟန်းသံဃာတော်များ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များ လူပေါင်းသိန်းချီလာရောက်ဖူးမြော်ကြပြီး လာရောက်ကြသည့် ဘုရားဖူးများအား စတုဒိသာများဖြင့် လှူဒါန်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)