လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ Centure Beverage Co.Ltd မှ အထောက်အကူပြုပစ္စည်းများနှင့်အလှူငွေများ ပေးအပ်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်အပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက် ပျံနှံ့မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက်ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီသို့ Centure Beverage Co.Ltd မှ အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ကို ယမန်နေ့မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် Spray 100ml (300)pcs၊ 5kg hand sanitizer (10)ပုံး၊Sodium Hypochlorite 25kg  (10)ပုံး၊ Surgical masks (10000)pcs၊ KN95 (1000)pcs၊ PPE ဝတ်စုံ (၁၀၀)စုံ၊ PPE လည်ရှည်ဖိနပ်(၃၀)စုံ၊ Caraboa (70)pk၊ C-lock(30)pk နှင့် ငွေကျပ်သိန်းနှစ်ဆယ်တို့အား  လှိုင်သာယာမြို့နယ် ကိုဗစ်−ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ပေးအပ်လှူဒါန်းပြီး ကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးအေးဗိုလ်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးမြတ်မင်းသူ၊ မြို့နယ် စည်ပငသာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းအောင်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး  ဦးနေမင်းထွန်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည် Centure Beverage Co.Ltdမှ ပေးအပ်ခဲ့ကြောင်းသိရသည်။ 
မြသန္တာဝင်း(ပြန်/ဆက်)