၂၀၂၂ ခုနှစ်အတွင်း ညောင်ဦးမြို့နယ်၌ မီးလောင်းမှုအကြိမ်ရေ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ်ခြေ ၈၇ လုံးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုး ကျပ်သန်းပေါင်း ၄၁.၈၈၂ သန်းခန့်ဆုံး ရှုံးမှုဖြစ်ပေါ်ခဲ့

ညောင်ဦး  ဇန်နဝါရီ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၂ ခုနှစ်အတွင်း မီးလောင်မှု အကြိမ်ရေ ၁၆ ကြိမ်ဖြစ်ပွားခဲ့ရာ လူနေအိမ်ခြေ ၈၇ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုး ကျပ်သန်းပေါင်း ၄၀.၈၈၂ သန်းခန့်ဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံကသိရသည်။

မီးလောင်မှုဖြစ်စဉ်နှိုင်းယှဉ်ချက်အရ ၂၀၂၁ ခုနှစ်ထက် သုံးကြိမ်ပိုမိုခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုး အားဖြင့်လည်း ၃၀.၉၃၂ ကျပ်သန်းခန့်ပိုမိုဆုံးရှုံးခဲ့ကြောင်းစိစစ်တွေ့ရှိရပြီး မီးလောင်ကျွမ်း မှုဖြစ်စဉ်အမျိုးအစားများအနေဖြင့် ရှို့မီးငါးကြိမ်၊ မီးဖိုမီးမှတဆင့်သုံးကြိမ်၊ ပေါ့ဆမီးလေးကြိမ်၊ လျှပ်စစ်မီးသုံးကြိမ်နှင့်အလို အလျှောက်မီးတစ်ကြိမ်တို့ဖြစ်ပွားခဲ့ရာ အများစုမှာ ရှို့မီးများဖြစ် ပွားခဲ့ကြောင်း ဦးကျော်မင်းသူ(ဦးစီးအရာရှိ)ကရှင်းပြသည်။

သဘာဝဘေးဖြစ်စဉ်များအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း (၁၄)ကြိမ်၊ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များ အနေဖြင့် မိုးသက်လေပြင်းကျရောက်မှုများကြောင့် သစ်ပင်လဲကျကာလမ်းပိတ်ဆို့ မှု (၅)ကြိမ်၊ သစ်ပင်လဲကျနေအိမ်ပေါ်သို့ပိခြင်း(၇)ကြိမ်၊ လေပြင်းတိုက်ခတ်၍ နေအိမ်များ အမိုးလန်ပျက်စီးမှု (၂)ကြိမ်၊ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်(၆)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၆)လုံး အမိုးလန်ပျက်စီးခြင်းနှင့်ဘုရားစေတီ ထီးတော်မြေခ ပျက်စီးခြင်း(၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ထိုအပြင် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ အနေဖြင့် အခြားသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေး မှုများအနေဖြင့် ယာတိုက်မှု(၈)ကြိမ်၊ နှင့်ရေနစ်ပျောက်ဆုံးမှု(၂)ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် ဒဏ်ရာရ ပြည်သူ(၂၁)ဦးနှင့် သေဆုံး(၉)ဦး၊စုစုပေါင်း(၃၀)ဦးတို့အား ရှာဖွေကယ်ဆယ်ကာညောင်ဦး ခရိုင် ကုတင်(၂၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ သန္ဓေ/အရန်မီးသတ် တပ်ဖွဲ့နှင့်လူမှုကူညီရေး အသင်းတို့ဖြင့် ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အခြားသောပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် လူနေအိမ်များအတွင်း အန္တရာယ်ရှိမြွေများ ဝင်ရောက်လျက်ရှိသဖြင့် လာရောက်ကူညီဖမ်းပေးပါရန် အကူညီတောင်းခံလာမှုအရ သွားရောက်ဖမ်းဆီးပေးမှု (၆၃)ကြိမ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာ ယာလှပစေရေး သန့်ရှင်းရေးဆောင်ရွက်ခဲ့မှု (၁၇)ကြိမ်နှင့် သောက်သုံးရေရှားပါးသော ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာများ၊ တဲတိုက်များသို့ သောက်သုံးရေလှူဒါန်းပေးခဲ့ မှု (၆၁)ကြိမ်ရှိခဲ့ကြောင်း၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့်အရန်မီးသတ်များအနေဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ချက်ခြင်းတုံ့ပြန်နိုင်ရေးစု ဖွဲ့ထားမှုလည်းအသင့်ရှိကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြား၍သိရသည်။

ကိုကြေးမုံ