ဆဒုံး ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင်ဒေသခံတောင်သူများ ဘိန်းအစားထိုးသီးနှံအဖြစ် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုသည့် ရှောက်ကောသီးပင်များ စိုက်ပျိုးလာခဲ့ရာ ယခုအခါ စျေးကောင်းရရှိသဖြင့် မိသားစု စားဝတ်နေရေးအတွက် နှစ်စဥ်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်၊၊
ရှောက်ကောသီးအပင်ကို ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၃၀၀၀)တွင် စိုက်ပျိုးရသော နှစ်ရှည်ပင်မျိုးဖြစ်၍ တစ်နှစ်ထက်တစ်နှစ် အမြတ်ပိုမိုရရှိကြောင်း၊ အပင်အမြင့်မှာ ခြောက်ပေခန့် ရှိကာ ပင်ခြေရင်းတွင် စုပြုံ၍ အသီးသီးလေ့ရှိကြောင်း၊ အသီးသီးနှုန်းအနေဖြင့် အပင်တစ်ပင်လျှင် ၅ ပိဿာမှ ၇ ပိဿာအထိ အသီးသီးလျှက်ရှိကြောင်း၊ ရှောက်ကောသီးအစို တစ်ပိဿာလျင် (၂၅၀၀) ကျပ်နှင့် ရှောက်ကောသီးအခြောက် တစ်ပိဿာလျင် (၁၃၀၀၀) ကျပ် ရရှိကြောင်း ရှောက်ကောသီး စိုက်ပျိုးရောင်းချသူ ဦးဗျာဆီးထံမှ သိရသည်။
ခင်မာဝင်း(ပြန်/ဆက်)