သီပေါ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်နန်းမှ မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများနှင့် ပုတ်ပြတ်အလုပ်သမားများအား အခြေခံစားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ရုံးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းက ကိုဗစ်−၁၉ရောဂါသည် မြန်မာနိုင်ငံ၌ ကူးစက်ပျံ့နှံ့မှု များပြားနေသည့် ကာလအတွင်း မြို့နယ်ရုံးရှိဝန်ထမ်းများနှင့် ပုတ်ပြတ်အလုပ်သမားများ သက်သာ ချောင်ချိရေး အတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များအား သိရှိလိုက်နာဆောင်ရွက် နေထိုင်သွားကြရန် ပြောကြားခဲ့ကြောင်းနှင့် မြို့နယ်ရုံးရှိ ဝန်ထမ်း (၁၂)ဦး နှင့် ပုတ်ပြတ်အလုပ်သမား(၄)ဦး၊ စုစုပေါင်း(၁၆)ဦး တို့အတွက် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ၊ ကြက်ဥ တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)