နမ့်ဆန် ဇန်နဝါရီလ ၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန (BRIC၊ WFF၊ APH)မှ ဆောင်ရွက်သော စီမံချက်ကျေးရွာများတွင် လုပ်ဆောင်သော ရေနှင့်ပတ်ဝန်းကျင်လုပ်ငန်းများအတွက် ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြန်မာနိုင်ငံကျန်းမာရေးဌာနစီမံချက်ရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပေးအပ်ခြင်းကို နမ့်ဆန်မြို့နယ်အတွင်းရှိ စီမံချက်ကျေးရွာဝင် လိုအပ်ချက်အရ တောင်ကျော် ကျေးရွာအုပ်စု အထက်တောင်ကျော်ကျေးရွာအား ရေကောင်းရေသန့်ရရှိရေး ရေသွယ်တန်းခြင်းအတွက် တတိယအရစ်ကျပ် (၆၆၂၆၀၇၀)/-၊ မန်လွယ်ကျေးရွာအုပ်စု အထက်မန်လွယ်ကျေးရွာ မူလတန်းလွန်ကျောင်းအတွက် ကျောင်းသား၊ ကျောင်းသူလေးများ အသုံးပြုရန် နှစ်ခန်းတွဲရေအိမ်သာနှင့် မသန်စွမ်းကျောင်းသား/ ကျောင်းသူများအသုံးပြုရန် ရေအိမ်သာဆောက်လုပ်ဆဲအတွက် ဒုတိယအရစ်ကျပ် (၄၃၂၁၃၅၀)/- နှင့်အလားတူ ဇယ်ဘန်ကောက်ကျေးရွာအုပ်စု မန်ပန်ကျေးရွာအတွက် နောက်ဆုံးရစ်ကျပ်(၁၇၈၇၉၄၀)/- အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျားတီနှင့် သူနာပြုတပ်ခွဲမှူး ဦးခင်မောင်တို့က တက်ရောက်ပြီး ထောက်ပံ့ငွေကို စီမံချက်မန်နေဂျာ ဒေါ်သက်စိုးအေးက ပေးအပ်ခဲ့သည်။
ထို့အတူကျန်ရှိသော စီမံချက်ကျေးရွာဝင် (၂၂)ရွာအတွင်းမှ (၁၀)ရွာ၏ လိုအပ်ချက်ကို ရွေးချယ်ပြီး လက်ဆေးကန်၊ အုတ်ကန်ဖြင့် ဆောက်လုပ်ရန်အတွက်လည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း စီမံချက်မန်နေဂျာထံမှ သိရှိရပါသည်။
ခရိုင်