ငါန်းဇွန်မြို့နယ်၌ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာ

ငါန်းဇွန် ၊  စက်တင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ တိုင်းဒေသကြီးအစိုးရမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ယမန်နေ့ည ၇နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့လှည့်လည်အသိပေးကြေညာရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ ဝင်များသည် မန္တလေ;တိုင်းဒေသကြီးအစိုးရမှ ပြည်သူများသိရှိစေရန် အသိပေးကြေညာ ချက် ဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့် ပွားမှု ထိန်းချုပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သော မိမိအိမ်တွင်နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေမှု မရှိခြင်း၊ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ကြရန်၊ လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေ နေရာများ၊ ပွဲလမ်းသဘင်များ၊ လူမှုရေး လုပ်ငန်းများ စသည်တို့ကို ခေတ္တယာယီပိတ်သိမ်းထားရန်၊ မန္တလေး တိုင်းဒေသကြီးအတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုများပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိသူများအားလုံးကို Community Based Facility Quarantine (၁၄)ရက်နှင့် Home Quarantine (၇)ရက် ထားရှိဆောင်ရွက်ရန်၊ နေ့စဉ်ည (၁၂) နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကို ဆက်လက် ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း စသည့်ဖြင့် လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၁၆ ရက်နေ့မှ ၃၀ရက်နေ့အထိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်းများကို အမျိုးသားရေးအသွင်အဖြစ်မှတ်ယူပြီး လိုက်နာဆောင်ရွက်ပေးပါရန် မြို့ပေါ်ရပ်ကွက်အသီးသီးသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)