နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ငှားရမ်း၊ ဖတ်ရှုသူ နေ့စဉ်များပြား

နမ့်ဆန် ဇန်နဝါရီ ၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာစောင်များ ငှားရမ်းပေးရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်  ငှားရမ်းဖတ်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက်နှင့် အစိုးရရုံးပိတ်ရက်များသာ ပိတ် ထားပြီး နေ့စဉ်ငှားရမ်းပေးရာ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်ငှားရမ်း ဖတ်ရှုကြကြောင်းနှင့် တစ်ဦးလျှင် (၃)အုပ်နှုန်း ငှားရမ်းပေးကြောင်း စာကြည့်တိုက်မှူးထံက သိရပြီး၊ စာအုပ်၊ စာစောင်များ ငှားရမ်းပေးသည့်အပြင် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် နယ်လှည့်စာကြည့်တိုက်လုက်ငန်းဆောင်ရွက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း စသည့်အစီအစဉ်များနှင့် ဟောပြောပွဲများ(Talk Show) များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်